ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား ဇွန် ၅
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပူတာအိုခရိုင်၊ မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရာတွင် မဂွေဇမှ ဆန်းလွှတ်ချက်တောင် (၃၄)မိုင်ခန့်အထိ ရောက်ရှိနေပြီး ကျောက် ခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ Boxculvert များ တည်ဆောက်နေခြင်း၊ လမ်းဘေးရေမြောင်းများ တည်ဆောက်ခြင်းများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ပြည်သူများအနေဖြင့် ဘတ်ဂျတ်ငွေမည်မျှ ဖြင့် မည်သို့ဆောင်ရွက်နေသည်ကို မသိရှိရသည့်အတွက် ၆၅ မိုင် ၄ ဖာလုံရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးဖောက်လုပ်ပေးမည်နည်း၊ မဂွေဇမှ ဆန်းလွှတ်ချက်တောင်ခြေ ၃၃ မိုင် အထိ ဆောင်ရွက်နေသည့် တံတား၊ Boxculvert အရေအတွက်များနှင့် ခွင့်ပြုငွေကို သိရှိလိုကြောင်း၊ လမ်းဖောက်လုပ်မှုအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် အလိုက် ပြည်နယ်နှင့် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုငွေကို ဘဏ္ဍာရေးနှစ်အလိုက် သိရှိလိုပါသည်နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၄၊ ဇယား (၅)ပါ ပြဌာန်းချက်နှင့်အညီ လက်ရှိကောက်ခံရရှိသော အခွန်အခများနှင့် နှစ်အလိုက်ရရှိမှုအခြေ အနေကို လွှတ်တော်သို့ ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများနှင့် ပူတာအိုမြို့၊ မန်စေအုပ်စု၊ ဝါးဆားကျေးရွာအဝင် ပေ(၃၀)ကျော်ရှိသော သစ်သားတံတားသည် ဟောင်းနွမ်းဆွေးမြည့်နေပြီး ပြည်သူ များက စီထားသော ကျောက်နံရံများသည် ကွဲအက်နေပါသဖြင့် အမြန်ဆုံး ကွန်ကရစ်တံတား ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း (၁၅)ခုကို မေးမြန်းကြရာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စက်မှုလက်မှုဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားသော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းလျာထားချက်” နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီက စိစစ်အကြံပြုဆွေးနွေးပြီး “၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းပြီး အစည်းအဝေး စတုတ္ထနေ့ကို ရပ်နား လိုက်သည်။
Visitors: 18,958