ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့များကျင်းပ

မြစ်ကြီးနား ဇွန် ၅
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၄ ရက် နံနက် ၁၀နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးတို့ တက်ရောက်ကြသည်။
လွှတ်တော် ဒုတိယနေ့ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက မချမ်းဘောမြို့နယ်၊ ထန်ဂါးကျေးရွာမှ (၄) ဖာလုံခန့်အကွာ ထန်းဂါးမှ ရှန်ခ-ဒိန်ချက်ရွာသွားလမ်းမပေါ်တွင်ရှိသော ထာခကြိုး တံတားသည် ဟောင်းနွမ်းပျက်စီးနေပြီး ဆိုင်ကယ်နှင့်လူများသွားလာရန် အန္တရာယ်ရှိသော ကြိုးတံတား ဖြစ်နေပါသဖြင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ပူတာအိုမြို့နယ်၊ မန်စေအုပ်စု မန်စေကျေးရွာမှ ဖန်ခိုင်ကျေးရွာအသစ် (၅)မိုင်ကျော်ရှိ ကျောက်ခင်းလမ်း များကို ကွန်ကရစ်လမ်းခင်းပေး ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် နောင်မွန်မြို့နယ် (၂၅)ကုတင်ဆံ့ပြည်သူ့ ဆေးရုံသည် လူနာတင်ယာဉ်ထားရှိရေး သတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်များစွာရှိနိုင်မည်ဖြစ်သော် လည်း ဝေးလံခက်ခဲသည့် ဒေသဖြစ်ခြင်း၊ ကျန်းမာရေးအထောက်အကူပြုလူမှုရေးအဖွဲ့အစည်းများမရှိ သည့် ဒေသဖြစ်ခြင်းတို့ကို ထောက်ရှု၍ နောင်မွန်ပြည်သူ့ဆေးရုံတွင် လူနာတင်ယာဉ်တစ်စီးပံ့ပိုးပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း(၁၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီး များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော “ကချင် ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဥပကြေမ်းကော်မတီက စိစစ် ချက်အစီရင်ခံစာကို တင်သွင်းပြီး အစည်းအဝေး ဒုတိယနေ့ ရပ်နားလိုက်သည်။
အစည်းအဝေးတတိယနေ့ကို ဇွန် ၅ ရက် နံနက် ၁၀နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက ရွှေကူမြို့နယ်အတွင်းရှိ တောင်ချောင်ကျေးရွာမှ သရက်ကုန်းကျေးရွာသို့ ဆက် သွယ်ထားသောကျေးရွာချင်းဆက်လမ်းသည် တောင်သူများ ကောက်ပဲသီးနှံများဈေးကွက်သို့တင်ပို့ရောင်း ချရန် အသုံးပြုနေသည့် လမ်းဖြစ်ပြီး မိုးတွင်ကာလတွင်း သွားလာရန်အလွန်ခက်ခဲမှုများ ကြုံတွေ့နေရပါ သဖြင့် ၎င်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ ကချင် ပြည်နယ်အတွင်း မီးစက်ကြီးဖြင့် လျှပ်စစ်မီးဖြန့်ဖြူးလျက်ရှိသည့် မြို့များအတွက် လက်ရှိဖြန့်ဖြူးနေလျက် ရှိသည့် နာရီထက်ပိုမိုပေးနိုင်ရေး လောင်စာဆီနှင့် ဆက်စပ်ပစ္စည်းများ ပိုမိုခွင့်ပြုပေးနိင်ခြင်း အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့် ဗန်းမော်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘတ်စကတ်ဘောကွင်းအဆောက် အဦကို ဆောက်လုပ်ပြီးသော်လည်း ၎င်းမြေနေရာတွင် မြေပိုမြေလွတ်ရှိနေပါသဖြင့် အဆောက်အဦလို အပ်ချက်ရှိသည့် လေ့ကျင့်ရန် ကြက်တောင်ကွင်း၊ ပင်ဘောင်ကွင်း၊ သေနတ်ပစ်ကွင်းတို့ကို ဆောက်လုပ် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းများအပါအဝင်မေးခွန်း (၁၂)ခုကို မေးမြန်းကြရာ ပြည်နယ်အစိုးရအဖွဲ့ ဝင်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော “ကချင် ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း”နှင့်ပတ်သက်၍ အင်ဂျန်းယန်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြင်ဆင်ချက်အဆိုကို တင်သွင်းပြီး ပြည်နယ်ဘဏ္ဍာ၊ အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြန်လည်ပြင်ဆင်ထားသည့် ပြည်နယ်အစိုးရအဖွဲ့၏ “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းလျာထားချက်”နှင့် “၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” တို့ကို လွှတ်တော်သို့ တင်သွင်းပြီး အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။
Visitors: 18,958