အောင်မြေသာစံပြကျေးရွာနေပြည်သူလူထု၏ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်နှင့် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ

မြစ်ကြီးနား ဇွန် ၄
အောင်မြေသာစံပြကျေးရွာနေ ပြည်သူလူထု၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နေနိုင်ရေး အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အင်ခိုင်ဘွမ်ခန်းမဆောင်၌ ကျေးရွာနေဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကျေးရွာရပ်ဖိ/ရပ်ဖ ဦးလနန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးရွာ အတွင်းလိုအပ်ချက်များနှင့်ပတ်သက်၍ ရပ်မိရပ်ဖ ဒေါ်ကိုင်ရာက ကျေးရွာနေပြည်သူလူထု အဓိကလိုအပ် ချက်များဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးမှတစ်ဆင့် အမက၊ အထကကျောင်းနှင့် လီဆူ ဘုရားကျောင်းများသို့ ဖြတ်သန်း၍ အောင်မြေသာအပန်းဖြေစခန်းသွား ကျောက်ခင်းလမ်းကို ကတ္တရာ ခင်းကျင်းပေးနိုင်ရေး၊ ၎င်းတို့၏ မူလနေရပ် မြစ်ဆုံ၊ တန်ဖဲ၊ ပဒန်ကျေးရွာများတွင် မိသားစုများ၏ မြေယာပိုင်ဆိုင်မှုအထာက်အထားရရှိရေး၊ အထကကျောင်းတွင် ဆရာ/ ဆရာမများအတွက် ဝန်ထမ်းနေ အိမ်တစ်လုံးဆောက်လုပ်ပေးရေး၊ စာရေးတစ်ဦးနှင့် ကာယနည်းပြဆရာတစ်ဦးခန့်ထားပေးနိုင်ရေး၊ ကျေး လက်ကျန်းမာရေးစခန်းဖွင့်လှစ်ပေးရေးနှင့် ကျေးရွာသုဿန်မြေရရှိရေးတို့ကို တင်ပြသည်။
ဆက်လက်၍ ကျေးရွာသူ/သားများက ပြည်နယ်ဝန်ကြီးချုပ်ထံ ကချင်ရိုးရာမဂွန်းရှလစ်ဖြင့် ဂုဏ်ပြုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးရွာအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များဖြည့် ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် (၅)နှစ်တာကာလအတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂) ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာတွင် ပထမ(၂)နှစ်ခွဲကာလတွင် အခြေခံလိုအပ်များဖြစ်သည့် လမ်းတံတားနှင့် လျှပ်စစ်မီးလင်းရေးတို့ကို ပြည်နယ်နှင့် ပြည်ထောင်စုဘတ်ဂျတ်များမှ ခွဲဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအချိန်တွင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သို့သော်လည်း ပြည်သူများတွင် လိုအပ်များစွာရှိနေအုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူများအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း မိမိတို့ အစိုးရ အဖွဲ့နှင့်အတူ ပူးပေါင်း၍ အကြံပေးဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်နန်းကျေးရွာအုပ်စုအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကဝါးခ၊ ယိန်းခေါ၊ လဘန်ရိုဇနာ၊ နောင်နန်း၊ လမြန်၊ မော်တော်၊ ဂေါ့နန်ကျေးရွာ (၇)ချင်းဆက်လမ်း ကတ္တရာခင်းကျင်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တြီနီတိ ဘုရားကျောင်း၌ သိက္ခာတော်ရ ဆရာတော်များ၊ အသင်းတော်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး အသင်းတော်အတွက် အလှူငွေများကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပလန(၅)သဇင်မြိုင်ကျေးရွာနှင့် နောင်းတောင်ကျေးရွာချင်းဆက်လမ်း (၂)မိုင်ကို ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 18,958