ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ

မြစ်ကြီးနား ဇွန် ၃
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက မိုးညှင်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးမှ နန့်ပုတ်ကျေးရွာကိုဖြတ်၍ ညောင်ကိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ရွာချင်းဆက်လမ်း အရှည် (၄) မိုင်သည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခုတ်ထွင်ရှင်းလင်းသွားလာနေကြသော လမ်းဖြစ်ပြီး မိုးတွင်းကာလ များတွင် ရွှံ့၊ နွံ့များဖြင့် သွား/လာရန် ခက်ခဲမှုများနှင့် ကြုံတွေ့နေရပါသဖြင့် ၎င်းလမ်းအား အကျယ် (၁၆) ပေရှိ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ဖားကန့်မြို့နယ်၊ကျောက်စိမ်း တွင်းဒေသတွင် (၂၂.၄.၂၀၁၉)ရက်နေ့တွင် နွံကန်ပေါက်ကျမှုကြောင့် စက်ယန္တရားအပါအဝင် လူ(၅၄)ဦး နစ်မြုပ်သေဆုံးခဲ့ကြောင်းနှင့် (၂၃.၄.၂၀၁၉)ရက်နေ့လည်း ထပ်မံ၍ (၂)ဦး သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်း နွံကန်များအပြင် အခြားဆန်ခါ၊ မှော်စီစာ၊ ကုဋေစသည့် နွံကန်တို့သည်လည်း လူနေအိမ်ရပ်ကွက်များနှင့် နီးစပ်စွာတည်ရှိနေသည်ဖြစ်ပါ၍ နွံကန်ရေကန်ကြီးများ၏ အန္တရာယ်ကို မိုးရာသီရောက်လာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြနေကြရပါသဖြင့် ကြိုတင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ကချင်ပြည်နယ် တွင် မူးယစ်ဆေးဝါးလျော့ချရေးအတွက် ဖမ်းဆီးအရေးယူခြင်း၊ ဆေးကုသခြင်းအပြင် အဓိကအရေးကြီး သည့် မူးယစ်ဆေးစွဲလူနာများအတွက် ပြန်လည်ထူထောင်ပေးရေးစခန်းများတည်ဆောက်ပြီး ဝန်ဆောင် မှုပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းအပါအဝင် မေးခွန်း (၉)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော် ဝင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ “ကချင်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကြမ်း” ကိုတင်သွင်းပြီး မံစီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးအေးမင်းက “မံစီ မြို့နယ်၊ မံဝိန်းကြီးဒေသ (၁၈)ရွာအား ရွှေလီရေအားလျှပ်စစ်ဓာတ်အားသွယ်တန်း၍ အစိုးရဈေးနှုန်း (၃၅)ကျပ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ အဆို နှင့်စပ်လျဉ်း၍ လွှတ်တော်တွင်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ လွှတ် တော်က ဆွေးနွေးရန် မသင့်ကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။
Visitors: 16,809