၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား မေ ၃၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ပြည်နယ်အတွင်းရှိ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်များနှင့် အခ မဲ့ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့် လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံခြင်း သည် ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံခြင်းသည် အရေးကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒီလုပ်ငန်း ကို ပညာရေးဌာနတစ်ခုတည်းနှင့် ဆောင်ရွက်လို့မရနိုင်ကြောင်း ကလေးမိဘများ၊ ဒေသတွင်းရှိ ပညာရေးစေတနာ ရှင်များ၊ ဒေသအာဏာပိုင်များကအားလုံးက ပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက် တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သန်းနွဲ့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့် အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသား/သူများ၊ ဘုန်းတော်ကြီး သင် စာသင်ကျောင်းများမှ ကျောင်းသား/သူများနှင့် ကျောင်းပြင်ပအလယ်တန်းကျောင်းမှ ကျောင်းသား/သူများ အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းချုပ်နှင့် တာဝန်ရှိသူများက ကျောပိုးအိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ပညာရေးမှူးက ကျောင်းပြင်ပ အလယ်တန်း ကျောင်းသား/ သူများအား ပညာရေးသင်ယူပြီးမြောက်ခြင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခန်းများအတွင်း KG ကျောင်းသားကလေးငယ် များ ကျောင်းအပ်လက်ခံနေမှု အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပညာရေးဝန်ကြီး ဌာနမှ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
Visitors: 18,958