ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံ

မြစ်ကြီးနား မေ ၂၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီး နားမြို့ တပ်ကုန်းရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန်ပုံငွေ၊ ပြည်ထောင်စု ရန်ပုံငွေများဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များစွာရှိနေအုံးမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်ချက်တွေကို မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း ပြည်သူများအတွက် တိုက်ရိုက်အကျိုးသက်ရောက်မည့် လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးခဲ့ပါကြောင်း၊ လိုအပ်ချက်များရှိပါက မိမိတို့အစိုးရအဖွဲ့အား ပွင့်ပွင့်လင်းလင်းဖြင့် အကြံပေးနိုင်ပါ ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့နေရာမှာ ပြည်သူများ၏ ပူးပေါင်းပါ ဝင်မှုသည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုပေးတဲ့နေရာမှာ လိုအပ်ချက်များ ရှိပါက မိမိတို့အစိုးရအဖွဲ့သို့ အသိပေးပြောကြားနိုင်ပါကြောင်း၊ မိမိအနေဖြင့် ဌာနဆိုင်ရာများအား ပြည်သူ များက ယုံကြည်အားကိုးလာစေရန် ဆောင်ရွက်ကြဖို့ မှာကြားပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပြည်နယ် နှင့် ပြည်သူ့များအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံး ကျိုးစားဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ရပ်ကွက်အတွင်း လမ်း၊ တံတားနှင့် လမ်းမီးလင်းရေးစသည့် လိုအပ်ချက်များတင်ပြခဲ့ပြီး ရပ်မိရပ်ဖ ဦးအင်ထင်းနော်ဂျီးက ကျေးဇူးတင်စကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ရပ်ကွက်နေပြည်သူများ၏ လိုအပ်ချက်အရ တပ်ကုန်း ဆိမ်ဆာ့လမ်းကို ကတ္တရာလမ်းခင်းကျင်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် စီတာပူရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တည်ဆောက်လျက်ရှိသည့် ကုန်တင်ကုန်ချစခန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ကုန်တင်ကုန်ချစခန်းနှင့် ဆက်သွယ်ထားသော ဒူဝါဇော်ရစ်လမ်း နှင့်ဆိမ်ဆာ့လမ်းတို့ကို လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ထိုနောက် ဒူဝါဇော်ရစ်လမ်း ၂၂၀၀ ပေကို လမ်းဧရိယာတိုးချဲ့ဆောင်ရွက်နေမှုနှင့် အဝင်လမ်းတိုးချဲ့ နိုင်ရေးအတွက် လမ်းနယ်မလွတ်သည့် မီးတိုင်များရွှေ့ပြောင်းစိုက်ထူရေးတို့နှင့် ပတ်သက်၍ ကြည့်ရှု စစ်ဆေးပြီး ဒူကထောင်ရပ်ကွက်တွင်းရှိ မနောလမ်းခင်းကျင်းပြီးစီးမှုအခြေအနေနှင့် အောင်နန်းရပ်ကွက် အတွင်း အောင်ရိပ်သာလမ်း ၁၂၅၀ ပေနှင့် အောင်ခေမာလမ်း ၁၂၅၀ ပေ တို့အား ကတ္တရာခင်းကျင်း ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 16,809