နေရပ်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည်ပြောင်းရွှေ့အခြေချနေထိုင်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

မြစ်ကြီးနား မေ ၂၃
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ နေရပ် နန်ဆန်ယန်ကျေးရွာတွင် ပြန်လည်ပြောင်းရွှေ့အခြေချနေထိုင်သူများအတွက် အိမ်ထောင်စုသုံးပစ္စည်းများ နှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မေ ၂၃ ရက် နံနက် ၈ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီးဦးနေဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
ထောက်ပံ့ပေးအပ်ခြင်းအတွက် နေရပ်တွင် ပြန်လည်ပြောင်းရွေ့အခြေချနေထိုင်သော မိသားစုများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံပြီး လူမှုရေးဝန်ကြီး ဦးနေဝင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် နေရပ်ပြန်ပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ရာတွင် မိသားစုအားလုံး အတွက် ရေရှည်လုံလောက်မှုမရှိသော်လည်း လတ်တလော စားဝတ်နေရေးအတွက် အထောက်အကူဖြစ် နိုင်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် လူမှုရေးဝန်ကြီးက နေရပ်ပြန်အိမ်ထောင်စု (၅၂)စု၊ လူဦးရေ (၃၁၇)ဦးတို့အတွက် အိမ်မိုး သွပ်၊ Family Kit နှင့် ဆန်၊ဆီ၊ဆား၊ ပဲများကို ထောက်ပံ့ပေးအပ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလဖိုင်ဇောင်ခေါင်က အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၄၄)သိန်းနှင့် ပြောင်းရွှေ့ စရိတ် (၅၂)သိန်း စုစုပေါင်း ကျပ် (၉၆)သိန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်းက အိမ်သာခွက်၊ အိမ်သာပိုက်နှင့် ဆေးစိမ်ခြင်ထောာင်များ၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများနှင့် လွယ်အိတ်များနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းက တစ်အိမ်ထောင်လျှင် ကြက် (၅)ကောင်စီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် လာမည့် ပညာသင်နှစ်အမီဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ပြုပြင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Visitors: 20,042