ဌာနဆိုင်ရာအသီးသီး၏ ဝန်ဆောင်မှု၊ လုပ်ဆောင်ချက်များသည် အများပြည်သူက ယုံကြည်အားထားရသည့် ဝန်ဆောင်မှုဖြစ်စေရန်လိုအပ်

မြစ်ကြီးနား မေ ၂၁

ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီး၏ ဝန်ဆောင်မှု၊ လုပ်ဆောင်ချက်များသည် အများ ပြည်သူက ယုံကြည့်အားထားရသည့် ဝန်ဆောင်မှုဖြစ်စေရန် လိုအပ်ကြောင်းကို မေ ၂၀ ရက်နှင့် ၂၁ ရက်တို့ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သော ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က ဌာနဆိုင်ရာများအား မှာကြားသည်။
အဆိုပါ (၂)ရက်တာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပိုမိုရင်းနှီးစွာဖြင့် ပြည်သူများ၏ အကျိုးကို ပိုပြီး ထိရောက်မြန်ဆန်အောင်ဆောင်ရွက်ပေးနိုင်ဖို့ရန် အဓိကရည်ရွယ်ကြောင်း သိရှိရသည်။
ညှိနှိုုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ သည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် မျှော်မှန်းချက်/ ရည် မှန်းချက်များချမှတ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ယခုလို ဆောင်ရွက်ခဲ့သည့်နေရာတွင် မိမိတို့ အားလုံးအနေဖြင့် ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်း ဘယ်အတိုင်းအတာအထိ စွမ်းဆောင်နိုင်ခဲ့သလဲ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်ခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ရဲ့ အားနည်းချက်/ အားသာချက်တွေ အများကြီးတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူကို ဗဟို ပြုပြီး ပြည်သူ့အကျိုးအတွက် ပြောင်းလဲတဲ့စနစ်နဲ့အညီ ပြည်နယ်၏အကျိုးကို ဘယ်လိုဦးဆောင်ပါဝင် ကြမည်ကို စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိမိတို့၏ ရည်မှန်းချက်/ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်သည့် နေရာ တွင် ပြည်သူများအားလုံးက ပူးပေါင်းပါဝင်မှသာ ထိရောက်အောင်မြင်လာမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီး၏ ဝန်ဆောင်မှု၊ လုပ်ဆောင်ချက်များသည် အများပြည်သူယုံကြည်အားထားရသည့် ဝန်ဆောင်မှု ဖြစ်စေလိုကြောင်း၊ ဝန်ဆောင်မှုပေးရာတွင်လည်း အခက်အခဲအတားအဆီးမဖြစ်ပေါ်စေဘဲ ပြည်သူများ အပေါ် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် အဂတိလိုက်စားမှုများ တိုက်ဖျက်လျှော့ချရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင်မိမိဌာနများ၏ အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်ကောင်း၊ စေတနာကောင်းဖြင့် စနစ်တကျ စည်းကမ်းရှိစွာ လုပ်ဆောင်တတ်တဲ့ ဝန်ထမ်းကောင်းများလာစေရန် ကြိုးစားဆောင်ရွက်ပြီး ပြည်နယ်၏ အကျိုးအတွက် အတူတကွ ဆက်လက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရဖွဲ့ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွန့်က ပြည်နယ်အစိုးရအဖွဲ့၏ ပထမ (၆)လပတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ် တော်ရုံး၊ ပြည်နယ်ဥပဒေရုံးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့က လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုများကိုလည်း ကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်အုပ်ချုပ် ရေးမှူးများက ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ က ဌာနအလိုက် ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို အသီးသီးတင်ပြခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ကဏ္ဍအလိုက် လိုအပ်ချက်များကိုလည်း ကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဝန်ကြီးဌာနများအလိုက် လိုအပ်ချက် များ၊ အားနည်း/ အားသာချက်များကိုလည်းကောင်း ထောက်ပြရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

Visitors: 18,958