သွားဘက်ဆိုင်ရာဆရာဝန်များအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း

မြစ်ကြီးနား မေ ၂၀
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကချင်ပြည်နယ်ဝန်ထမ်း သွားဘက် ဆိုင်ရာဆရာဝန်များအတွက် အရည်အသွေးမြင့်သော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့ ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်သူများအား အရည်အသွေး မြှင့်သွားနှင့်ခံတွင်းစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင် သွားနှင့် ခံတွင်း ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးရာတွင် လွှမ်းခြုံနိုင်မှုပေးနိုင်ရေးတို့အတွက် သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်များ၊လက်ထောက်ညွှန်ကြားရေးမှူး(သွားကျန်းမာ)များနှင့် သွားဘက်ဆိုင်ရာဆရာဝန် များ၊ ဦးစီးအရာရှိများအနေဖြင့် စည်းလုံးညီညွတ်စွာ ဌာနဆိုင်ရာအကြီးအကဲများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နိုင်ငံအဝှမ်း လွှမ်းခြုံပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
အဆိုပါ ဆင့်ပွားသင်တန်းတွင် နေပြည်တော်ကုသရေးဦးစီးဌာန၊ သွားနှင့် ကျန်းမာရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်နှင့် တာဝန်ရှိသူများက သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျောင်းအခြေပြုကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ပြည်နယ်အတွင်းရှိ ဝန်ထမ်း သွားဘက်ဆိုင်ရာဆရာဝန် (၂၀)ဦးကျော်တို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 16,808