နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ်လေ့လာချက်တင်ပြခြင်း အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်

မြစ်ကြီးနား မေ ၁၅
ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်ခွန့်ခွာ၍ IDP စခန်းများတွင် ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများ၏ ရှေ့ရေးရည်ရွယ်ချက်များကို ဆန့်စစ်လေ့လာခဲ့မှုများနှင့် ပတ်သက်၍ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ City Park Royal ၌ နေရပ်ခွန့်ခွာရွှေ့ပြောင်းပြည်သူများ ၏ ရှေ့ရေးရည်ရွယ်ချက်များ ဆန်းစစ်လေ့လာချက်တင်ပြခြင်းအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ကျွန်တော်တို့ ကချင်ပြည်နယ်မှာ မတည်ငြိမ်မအေးချမ်းသည့်အတွက် IDP ဆိုတဲ့ လူတန်းစားတစ်ရပ်ပေါ်ထွက်ခြင်းကို အားလုံးအသိဘဲ ဖြစ်ပါကြောင်း၊ မတည်ငြိမ်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် IDP Camp တွေ ဖြစ်ပေါ်လာတာ ဟာဆိုရင် မိမိတို့အစိုးရမှာ တာဝန်ရှိသလို၊ ကုလသမဂ္ဂအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီဆောင် ရွက်ပေးနေသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နေသကဲ့သို့ တစ်ဖက်ကလည်း IDP များ၏ ရှေ့ရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် ရေရှည် တည်တံ့သော ဘဝရပ်တည်မှုဖြစ်နိုင်ဖို့အတွက် ဆောင်ရွက်လျက်ကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် အဘက်ဘက်ကနေ အချိန်ယူပြီး ဆန်းစစ်လေ့လာ ဖြေရှင်းပေးရမည်ဖြစ်သည့်အတွက် အဖွဲ့ အစည်းအသီးသီးကနေပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ၏ ယာယီခိုလုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ကချင်ပြည် နယ်တာဝန်ခံ Mr. Cliff Alvarico က နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ၏ ရှေ့ရေးရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ IDP စခန်း (၁၀၀)မှ အိမ်ထောင်စု (၁၁၂၃)ဦးတို့အား ကိုယ်စားပြုသော အရွယ်ရောက်ပြီးသူများအား မေးမြန်း၍ ရေရှည်ခိုင်မြဲသော ဖြေရှင်းချက်များ ဆောင်ရွက်နိုင်ရန် ဆန်းစစ် လေ့လာချက်များ ရှင်းလင်းတင်ပြသည်။
အဆိုပါ ဆန်းစစ်လေ့လာချက်များတွင် ပြည်နယ်အတွင်းရှိ IDP စခန်းများမှ ရွှေ့ပြောင်းပြည်သူများ အတွက် နေရပ်ပြန်ခြင်း၊ဒေသတွင်းပေါင်းစည်းခြင်း၊ ပြန်လည်နေရာချထားခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်များ ဆောင်ရွက်နိုင်ပေးနိုင်ရန်အတွက် ဆန်းစစ်ကောက်ယူ ထားကြောင်းနှင့် အစိုးရတာဝန်ရှိသူများမှ အဓိကပံ့ပိုးပေးရမည့် ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များကို တင်ပြနိုင်ရေး အထောက်အကူဖြစ်စေသည့် အချက်များပါဝင်ကြောင်း သိရှိရသည်။
Visitors: 15,637