(၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် မီးသတ်စွမ်းရည်ပြိုင်ပွဲဆုရ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား မေ ၅
၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် မီးသတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများ ကို ယနေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေ့ အခမ်းအနားကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများက မီးသတ်တပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းတပ်ခွဲ များနှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသခြင်းအစီအစဉ်တွင် တပ်ဖွဲ့ဝင်များက Ambulance ယာဉ်နှင့် Medium Fire Fighting & Resue မီးငြိမ်းသတ်ရေးယာဉ်များဖြင့် ယာဉ်တိုက်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်မှု၊ Heavy Resue & Towing ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများအား ရှင်းလင်းရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်မှုနှင့် စက်သုံး ဆီဆိုင်များမှ ဆီရောင်းချခြင်းမှ ဆီဖလှယ်ရာတွင် ဖြစ်ပွားတတ်သော ဆီမီးလောင်မှုအား မီးငြှိမ်းသတ် ယာဉ်များဖြင့် မီးငြှိမ်းခြင်း စွမ်းရည်များကို သရုပ်ပြသခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက မီးသတ်တပ်ဖွဲ့နေ့ အခမ်းအ နားတွင် ပါဝင်ကူညီပံ့ပိုးပေးသူများနှင့် အရန်မီးသတ်လုပ်သက် ၂၅ နှစ်နှင့်အထက် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်သော သင်တန်းများ၌ ပထမဆုရတပ်ဖွဲ့ဝင်များ၊ မီးသတ်စွမ်း ရည်ပြိုင်ပွဲအသီးသီးတွင် ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရာထူးတိုးတပ်ဖွဲ့ဝင် (၃) ဦးတို့အား ရာထူးတိုးအဆင့်တံဆိပ်တပ်ဆင်ပေးခဲ့ကြသည်။
Visitors: 17,771