မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရာတွင် လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာ လှပမှုရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၄
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ပေါ်ရှိ အဓိကလမ်းမကြီးများ အဆင့်မြှင့်တင်ဆောင် ရွက်ရာတွင် လမ်းလယ်ကျွန်းများနှင့် လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဈေးကြီးလမ်းတစ်လျှောက် လမ်းလယ် ကျွန်းအလှပန်းပင်များ ဆောင်ရွက်နေမှုအခြေအနေနှင့် ဈေးကြီးလမ်းနှင့် ဧရာလမ်းဆုံ မီးရထားသံလမ်း ကူးနေရာ၌ ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေကို စီမံ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တပင်ရွှေထီးလမ်းနှင့် အောင်ပင်လယ်လမ်းတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့မှ လမ်းလယ်ကျွန်းအလှပန်းပင်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် လမ်းဘေးရေနှုတ်မြောင်း ပြုပြင်ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းလမ်းများ အဆင့်မြှင့် တင်ဆောင်ရွက်ရာတွင် လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာလှပလာစေရေး တပါတည်း ဆောင်ရွက်သွားကြရန်နှင့် လျှပ်စစ်မီးတိုင်၊ ဖုန်းကြိုးတိုင်များကို စနစ်တကျရွှေ့ပြောင်းစိုက်ထူရေး ဌာန ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။
Visitors: 17,771