ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖားကန့်မြို့ ပြည်သူများနှင့်တွေ့ဆုံ

ဖားကန့် မေ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဌာနဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် ဖားကန့်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးတို့ ဦးဆောင်သည့်အဖွဲ့သည် ယနေ့နံနက်(၁၀)နာရီက ဖားကန့်မြို့၊ မဏိဇေယျုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တရင်းတနှီးတွေ့ဆုံ၍ မြို့နယ်အတွင်းလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးနှင့် ဆက်လက်ဆောင် ရွက်သွားမည့်လုပ်ငန်းဆောင်တာများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူများက မြို့အင်္ဂါရပ်နှင့်အညီ ခိုင်ခံ့သောလမ်းနှင့်လမ်းမီးများရရှိရေး၊ ရေနုတ်မြောင်းများစနစ်တကျဆောင်ရွက်ပေးရေးကို အဓိကဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြည်သူများ၏လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် ပြည်နယ်အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးတို့က မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး စည်ပင်ဝန်ကြီးနှင့် စိုက်/မွေးဝန်ကြီးတို့က ပြည်သူများ၏ဆွေးနွေးမှုနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
Visitors: 15,636