ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တနိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

တနိုင်း ဧပြီ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒါရှီလဆိုင်း ၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်ကိုယ်စားများသည် ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီတွင် တနိုင်းမြို့ ပုန်ခုန်းရပ်ကွက် ဟူးကောင်းခန်းမ၌ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ဘတ်ဂျတ်နှစ်အလိုက် ဘဏ္ဍာငွေခွဲဝေပြီး ဌာနဆိုင်ရာများက အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေ ဖြင့်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသောဒေသခံပြည်သူများက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အတွက် လူနာ တင်ယာဉ်တစ်စီးရရှိရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများ၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်ရေးနှင့် ပြန် လည်ထူထောင်ပေးနိုင်ရေး၊ လယ်ယာမြေကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြကြောင်း သိရှိရသည်။
Visitors: 17,770