ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်း၊ သံချပ်ပြိုင်ပွဲများတွင် ဆုရသူများအား ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဧပြီ ၁၆
မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ် မပျက် ကျင်းပခဲ့ရာ ယနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ယိမ်း၊ သံချပ်ပြိုင်ပွဲများတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်ပိတ်ပွဲအခမ်းအနားကို ယိမ်းအကအလှဖျော်ဖြေမှုများနှင့်အတူ လာရောက်ကြည့်ရှုအားပေးသူများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တက် ရောက်ခဲ့ကြပြီး ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေမှု အားပေးကြည့်ရှု ကြသည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးများ၏ ဇနီးများနှင့် အစိုးရ အဖွဲ့အတွင်းရေးမှူး၏ဇနီးတို့က ကချင်နှင့်ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုချီး မြှင့်ငွေများ ပေးအပ်ကြပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဗဟိုမဏ္ဍပ်ယိမ်း ပြိုင်ပွဲများ၊ သံချပ်နှင့် အဆိုရှင်ပြိုင်ပွဲများတွင် ဆုရရှိသူတို့၏ အမည်စာရင်းကို ဖွင့်ဖောက်ကြေညာသည်။
ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့်ဇနီးတို့က CD၊ကက်ဆက်ဖြင့် ပြိုင်ပွဲဝင် မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့များနှင့် ဌာနဆိုင်ရာ နှင့်တပ်ရင်း၊ တပ်ဖွဲ့ယိမ်း အဖွဲ့များ၊ သံချပ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့ များနှင့် သံချပ်ဆုရအဖွဲ့တို့ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဇနီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီးတို့က ကိုယ်ပိုင်သံစဉ်/စာသားဖြင့် ယဉ်ပြိုင်ရာတွင် ဆုရအဆိုရှင်များအားလည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုငွေနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ် တရားလွှတ် တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ကိုယ်ပိုင် သံစဉ်၊ စာသား၊ ဆိုင်းဝိုင်းဖြင့် ယှဉ်ပြိုင်ရာတွင် ဒုတိယနှင့် တတိယဆုရ ယိမ်းအဖွဲ့များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ မပခယိမ်းအဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ပြီး မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှစ်သစ်အား ကြိုဆိုလိုက်ကြောင်း ကြေညာသည်။
Visitors: 15,637