မဟာသင်္ကြန်ပွဲတော်အတက်နေ့ ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားဗဟိုမဏ္ဍပ်၌ သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား ဧပြီ(၁၆)
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်၏ သင်္ကြန်အတက်နေ့တွင် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများနှင့် တေးသီချင်းသီဆိုမှုများ၊ ယိမ်းအဖွဲ့အကအလှများဖြင့် ဖျော်ဖြေမှုကိုကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိသည်။
ယင်းသို့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဇနီးဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် နံနက်ပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှအဖွဲ့များ၏ သီဆိုဖျော်ဖြေမှုများနှင့် ဒေသခံများ၏ ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် ပျော်ရွှင်စွာရေကစားမှုတို့ကို ကြည့်ရှုအား ပေးခဲ့ကြသည်။
Visitors: 20,042