မဟာသင်္ကြန်ပွဲတော် ဝိုင်းမော်မြို့ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ရေကစားသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

မြစ်ကြီးနား ဧပြီ ၁၄
ကချင်ပြည်နယ်တွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ သင်္ကြန်အကျနေ့တွင် ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်နှင့် ဝိုင်းမော်မြို့ ဗဟိုမဏ္ဍပ်များသို့ သွားရောက်အားပေးဆင်နွှဲခဲ့ ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမဏ္ဍပ်သို့ သွားရောက်ခဲ့ကြရာ တိုင်းမှူးဗိုလ်ချုပ်တေဇကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများက ကြိုဆိုခဲ့ကြပြီး တိုင်းမဏ္ဍပ်၌ တိုင်းစစ်ဌာနချုပ် အရာရှိကတော်များယိမ်းအဖွဲ့နှင့် တပ်မိသားစုယိမ်းအဖွဲ့ များ၏ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို အားပေးခဲ့ကြကာ ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့ ဗဟိုမဏ္ဍပ်သို့ သွားရောက်ခဲ့ကြပြီး ဗဟိုမဏ္ဍပ်၌ မြို့နယ်ဌာနဆိုင်ရာများယိမ်းအဖွဲ့များ၏ သီဆိုဖျော်ဖြေမှု၊ တေးသံရှင်များ၏ ခေတ်ပေါ်တေး သီချင်းများနှင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး တေးသံရှင်များနှင့် ယိမ်းအဖွဲ့များအား ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
Visitors: 17,771