မြစ်ကြီးနားမြို့၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဧပြီ ၁၁
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများနှင့်ပတ်သက်၍ အများဆုံးဖြစ်ပွားခဲ့သော မြို့နယ် (၅၂)မြို့နယ်ထဲတွင် ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော်၊နှင့် မိုးကောင်းမြို့နယ်တို့တွင် အများဆုံးဖြစ် ပွားခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပညာရေးကောလိပ်၊ အားကစားခန်းမ၌ ပြုလုပ် သည့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြောကြားသည်။
ဆက်လက်၍ လူကုန်ကူးမှုအနည်းဆုံးဖြစ်ပွားခဲ့သော မြို့နယ်များမှာ လွယ်ဂျယ်မြို့နှင့် ဖားကန့် မြို့နယ်တို့တွင်ဖြစ်ပြီး ပူတာအို၊ ရွှေကူ၊ မိုးညှင်း၊ မန်စီ၊ ဆဒုံး၊ တနိုင်း၊ မချမ်းဘော၊ မိုးမောက်၊ ကန်ပိုက်တီ၊ လိုင်ဇာတို့တွင် ရံဖန်ရံခါဖြစ်ပွားကြောင်းနှင့် အများအားဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နည်းလမ်းအမျိုး မျိုး၊ ပုံစံအမျိုးမျိုးတို့ဖြင့် စည်းရုံးခေါ်ဆောင် သိမ်းသွင်းခံရပြီး ခေါင်းပုံ ဖြတ်ခြင်းခံရကာ လူကုန်ကူးမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများတွင် အဓမ္မထိမ်းမြားလက်ထပ်ရန် အမျိုးသမီး ငယ်များအား လိမ်လည်စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားမှုဖြစ်ပွားခြင်းကို အများဆုံး တွေ့ရခြင်းဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးက ပြောကြားသည်။
ယင်းနောက် အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးမင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဗီဒီယိုဖိုင်ကို ပြသ ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မြစ်ကြီးနားပညာရေးကောလိပ်၊ ကျောင်းအုပ်ကြီး ဦးထင်ဗေးထံ ပေးအပ်ရာ ကျောင်းအုပ်ကြီးက ကျေးဇူး တင်စကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်/ ခရိုင်/ မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့် ပညာရေးကောလိပ်မှ ဆရာ/ဆရာများ သင်တန်းသား/သူများအား ဟောပြောခဲ့ခြင်းဖြစ် သည်။
Visitors: 14,652