မြစ်ကြီးနားမြို့၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ရှေးဦးပြုစုခြင်းနည်းပြသင်တန်းနှင့် ခေါင်းဆောင်မှုသင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား ဧပြီ ၁၀
မြစ်ကြီးနားခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးဖွင့်လှစ်ပေးခဲ့သည့် ခရိုင်အတွင်းရှိ တပ်ဖွဲ့ဝင်များအတွက် ရှေးဦးပြုစုခြင်းနည်းပြသင်တန်းနှင့် ခေါင်းဆောင်မှုသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ နိုင်ငံရတနာခန်းမ၌ ကျင်းပပြီး ဘာသာရပ်အလိုက် သင်တန်းသားထူးချွန်ဆုများကို ပေးအပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက သင်တန်းတွင်ပို့ချ ချက်များကို သင်ကြားတတ်မြောက်ပြီး လူတိုင်းရှေးဦးပြုစုခြင်းပညာတတ်မြောက်ရေးအတွက် လက်ဆင့် ကမ်းသင်ကြားပေးရေး၊ ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် နောင်တော်ကြက်ခြေနီတပ်ဖွဲ့ဝင်များကို စံနမူနာယူပြီး လူထုအကျိုးပြုလုပ်ငန်းများတွင် ထက်မြက်တက် ကြွစွာ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် မြစ်ကြီးနားခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မေသန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြ သောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သင်တန်းတွင် ရှေးဦးပြုစုခြင်း၊ လက်နက်မဲ့စစ်ရေးပြ၊ ထမ်းစဉ်စစ်ရေးပြ၊ လက်နက်မဲ့ စစ်ရေးပြဘာသာရပ်များတွင် ပထမ၊ ဒုတိယ၊ တတိယဆုရသူများနှင့် စံပြသင်တန်းသားဆုကို ပြည်နယ်ဝန်ကြီး၊ ခရိုင်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် သင်တန်းဆရာများက အသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြကာ နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/သူများ အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ တနိုင်းနှင့် မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်မြို့နယ်များမှ တပ်ဖွဲ့ဝင် ကျား/မ ၄၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ ကျောင်း၌ ၂၉-၃-၂၀၁၉ ရက်နေ့မှ ယနေ့အထိ ၂ ပတ်ကြာ ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ငန်းစဉ်များအပြင် ခေါင်းဆောင်မှုပညာ၊ ရုံး စာရေးသားနည်းတို့ကို ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 16,712