ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ကျင်းပ

မြစ်ကြီးနား ဧပြီ ၉
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင် သောဌာန၊ အဖွဲ့အစည်းများ၏ မြို့နယ်အလိုက် မူလခန့်မှန်းခြေငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင် ရွက်မည့် စီမံကိန်းလုပ်ငန်းများ တင်ဒါခေါ်ယူခြင်းစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (ပထမပိုင်း) Mini Budget တွင် တင်ဒါပိုလျှံငွေ မည်မျှပိုလျှံခဲ့ပါသနည်း၊ ပိုလျှံသည့် တင်ဒါပိုလျှံရန်ပုံငွေများကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းများတွင် အသုံးပြုခဲ့ပါ သနည်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) တင်ဒါပိုလျှံငွေ မည်မျှပိုလျှံခဲ့ပါသနည်း၊ ပိုလျှံခဲ့သည် တင်ဒါပိုလျှံငွေများကို မည်သည့်ဌာနအဖွဲ့အစည်းများတွင် အသုံးပြု ခဲ့ပါသနည်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း၊ ကချင်ပြည်နယ်ကျောက်မျက်ရတနာကဏ္ဍအတွက် ကောင်းမွန် သောစီမံခန့်ခွဲမှုရရှိစေရန်နှင့် တရားမဝင်ရောင်းဝယ်မှုများ လျော့နည်းသွားစေရန်၊ တန်ဖိုးနည်းကျောက် စိမ်းအချောထည်များကို ပြည်ပသို့ လွယ်ကူစွာဖြင့် တင်ပို့နိုင်ရန်အတွက် One Stop Service Centre (OSS) များကို ရန်ကုန်၊ မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ဖွင့်လှစ်ခဲ့ရာ မြစ်ကြီးနားမြို့တွင် ဖွင့်လှစ် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရှိရသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မည်သည့်ကာလတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိကို သိလိုသည့် မေးခွန်းများအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၆)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများ ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် “ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရ/ အသုံး ခန့်မှန်းခြေငွေစာရင်းလျာထားချက်” ကို လွှတ်တော်၏ အတည်ပြုချက်ရယူရန် ဖတ်ကြားတင်သွင်းသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌကပြည်နယ်လွှတ်တော်ရေးရာကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်း မှုများကို ဖတ်ကြားပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
Visitors: 21,934