ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) စတင်ကျင်းပ

မြစ်ကြီးနား ဧပြီ ၈
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ပထမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၉ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ်မှ နယ်စပ်ကျေးလက်ဒေသ တွင်နေထိုင်သော ကျေးလက်နေပြည်သူလူထုများကို ဆက်သွယ်နေထိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ခီဆီဒီကျေးရွာမှ ကျေးရွာ (၈)ရွာအပါအဝင် လန်ဟီဇယ်တောင်နှင့်ဆော့လော် မြို့နယ် နယ်နမိတ်ထိ (၂၈)မိုင်အား တဆက်တစပ်တည်း ရွာချင်းဆက်လမ်းအဖြစ် လည်းကောင်း၊ ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်ချင်းဆက်လမ်းအဖြစ် လည်းကောင်း ၁၈ ပေအကျယ် ကားလမ်းအဖြစ် ဖောက်လုပ်ပေးနိုင်ရန်အစီအစဉ် ရှိ /မရှိ မေးခွန်း မေးမြန်းသည်။
ဆက်လက်၍ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အပိုင် လွယ်မောက်ယန်ရွာအလွန် မိုးလဲချောင်း ကွေ့တွင် ဗန်းမော်-မြစ်ကြီးနားလမ်းအား ခေါင်းရေဦးတိုက်နေပြီး ကမ်းပါးပြိုကျမှုများရှိရာ နေရာတွင် ရေလမ်းကြောင်း သောင်တူးဖယ်ရှားပေးခြင်း(သို့မဟုတ်) ကမ်းထိန်းကျောက်စီရေကာတာ ပေ (၂၀၀)ခန့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့် ပူတာအိုမြို့ အောက်ပါအင်သွားလမ်း ကောင်ကထောင် ရပ်ကွက်မှ ပါအင်ရပ်ကွက် အဆုံးအထိ သဲကျောက်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ခင်းပေး ရန် နှင့် Boxculvert (၃)စင်း ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းများအပါအဝင် မေးခွန်း (၇)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။
Visitors: 21,874