မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် စီမံကိန်းဘဏ်(Project Bank) အကြောင်းရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၅
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် စီမံကိန်းဘဏ် (Project Bank)အကြောင်းများနှင့် ပတ်သက်၍ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ Senior Operation Specialist ဒေါ်သီဒါနွဲ့ က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် စီမံကိန်းဘဏ် (Project Bank) အကြောင်းများနှင့် ပတ်သက်၍ လည်းကောင်း၊ Project Evaluation Specialist ဦးကျော်မော်ဇံက စီမံကိန်းအဆိုပြုလွှာတင်သွင်းခြင်းအတွက် လိုအပ်သော သတင်းအချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မေးမြန်းဆွေးနွေးခဲ့ကြသည်။
Visitors: 16,712