Palm Spring International Goft Resort နှင့် အင်ခိုင်ဘွမ် Villa ဖွင့်ပွဲနှင့် မြို့တွင်း လမ်းနှင့်ရေမြောင်းများတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၃၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ ဖွင့် လှစ်သည့် Palm Spring Goft Resort နှင့် အင်ခိုင်ဘွမ် Villa ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်ပေးပြီးနှင့် မြို့တွင်းလမ်းနှင့် ရေမြောင်းများတိုးချဲ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ပလနရပ်ကွက်အတွင်း အသစ်ဖွင့် လှစ်သည့် Palm Spring International Goft Resort နှင့် အင်ခိုင်ဘွမ် Villa ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်၊ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုလေး၊မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ Chairman ဒေါ်Sခေါင်နန်း၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်လတ်တို့ နှင့်အတူ Goft Resort နှင့် Villa မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်သိက္ခာ တော်ရဆရာတော်တို့က ဆုတောင်းဆက်ကပ်ပေးခြင်း၊ ကောင်းချီးတောင်းခံခြင်းတို့ ဆောင်ရွက်ပေးကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စျေးကြီးလမ်းတစ်လျှောက် လမ်းလယ်ပန်းခုံ ဆောင်ရွက်ရန်လျာထားမှုနှင့် မီးရထားသံလမ်းကူးနေရာတွင် လမ်းတိုးချဲ့ဆောင်ရွက်မည့် အခြေအနေ နှင့်ကျွန်းပင်သာရပ်ကွက်အတွင်းရှိ ဇော်ဂျွန်းလမ်းနှင့် ကျွန်းရွှေဝါလမ်းတို့ကို တိုးချဲ့ခင်းကျင်းဆောင်ရွက် နေမှု၊ လမ်းဆုံနေရာ၌ မီးပွိုင့်တပ်ဆင်ဆောင်ရွက်သွားမည့် အခြေအနေနှင့် လယ်ကုန်းရပ်ကွက်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ ကတ္တရာ၊ ယာဉ်စက်ယန္တရား ဂိုဒေါင်နှင့် ဝန်ထမ်းအိမ်ယာဝင်း မြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၄)၊ ရှမ်းရွာအတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးစခန်းတွင် ဖွင့်လှစ်သည့် စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတူတက် ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းဖွင့်အမှာစကားပြောကြား ကြကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆမားလမ်းတိုးချဲ့ခင်းကျင်းဆောင်ရွက်နေမှုနှင့် ဆမား လမ်းနှင့်ဇော်ဂျွန်းလမ်းဆုံ၌ ရေနှုတ်မြောင်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လမ်းတိုးချဲ့ဆောင်ရွက်ရာတွင် ရေနှုတ်မြောင်းများ စနစ်တကျဖောက်လုပ်ရေး၊ လမ်းနယ်မလွတ်သည့် မီးတိုင်နှင့် ဖုန်းတိုင်များကို ရွှေ့ပြောင်းစိုက်ထူရေး တာဝန်ရှိသူများအား မှာကြားသည်။
Visitors: 19,052