ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် မိုးမောက်မြို့နယ်အတွင်းရှိ ပြည်သူ့လူထုတွေ့ဆုံ

မိုးမောက် မတ်(၂၅)
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင် သာယာရေးဝန်ကြီးတို့နှင့် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ လူထုနှင့် တွေ့ဆုံပွဲကို မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော ဒေသခံပြည်သူများက ဒေသ တွင်း မြေယာကိစ္စရပ်များ၊ လမ်းတံတား၊ ဆည်မြောင်းနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ တင်ပြချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက ဒေသခံများ၏ လိုအပ်ချက်များအပေါ် ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ညှိနှိုင်းပေးခဲ့ကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
Visitors: 16,712