မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်တွင် ခေတ်ပေါ်တေးဂီတ၊ တိုင်းရင်းသားအကများ ထည့်သွင်းကျင်းပမည်

မြစ်ကြီးနား မတ် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတွင်းလမ်းလျှောက်သင်္ကြန်၌ ခေတ်ပေါ်တေးဂီတအစီအစဉ်များ၊ တိုင်းရင်းသားရိုးရာအကများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည့် မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီများညှိနှိုင်း အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မဟာသင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် တာဝန်ပေးအပ်မှုအ လိုက် လိုအပ်သည့် အခက်အခဲများကို တင်ပြကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ပွဲတော်ကာလအ တွင်း ပြည်သူများလုံခြုံပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ် ကြောင်းမှာကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှု၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ပြင်ဆင်ဆောင်ရွက်မှု၊ ဖွင့်ပွဲနှင့် ပိတ်ပွဲဆောင်ရွက်မည့် အခြေအနေများနှင့် ယိမ်းအက၊ သံချပ်ပြိုင်ပွဲများနှင့် ယာဉ်အလှအတွက် ဆုချီးမြှင့်မည့်အစီအစဉ်များ၊ မြန်မာနှစ်ဆန်း ၁ ရက် နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား များဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုထားမှုများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်စွက်ဆွေးနွေးမှာကြားပြီး မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ခေတ်ပေါ်တေးသီချင်းဖျော်ဖြေမှုများအပြင် တိုင်းရင်း သားရိုးရာအကအလှဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပရေးနှင့် ပွဲတော်လာရောက်ပါဝင်ဆင်နွှဲ ကြသူများအား စတုဒီသာဧည့်ခံကျွေးမွေးရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
Visitors: 16,584