ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းကျေးရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မတ် (၁၆)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းကျေးရွာအုပ်စု နောင်နန်းကျေးရွာ နှစ်ခြင်းဘုရား ကျောင်းဝင်းဓမ္မာရုံတွင် ယနေ့ နံနက်(၉)နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ရပ်မိရပ်ဖဦးခွမ်းအောင်က ပြည်သူများ အားအေးချမ်းစွာဖြင့် လယ်/ယာမြေလုပ်ကိုင်စားသောက်နိုင်ရန်အတွက် ပုံစံ(၇)ရရှိရေး၊ ကျောက်ခွဲစက် မှဖြစ်ပေါ်လာသည့် ရပ်ထဲရွာထဲတွင် ပြည်သူများအတွက်ကျန်းမာရေး၊ ပတ်ဝန်းကျင်အနှောက်အယှက် များ၊ မလိုလားအပ်သည့်ဘေးထွက်ဆိုးကျိုးအန္တရာယ်များ ဖြစ်ပေါ်လာသည့်အတွက် ဆောင်ရွက်ပေး နိုင်ရေး၊ ရပ်မိရပ်ဖဦးလရာလတောင်က မြို့ပေါ်နှင့်အလှမ်းဝေးလှသဖြင့် ကျောင်းသား/သူဦးရေတိုးပွား လာသည်နှင့်အမျှ အခြေခံပညာကျောင်းကိုမူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ တိုးမြှင့်ပေး နိုင်ရေး၊ ကျောင်ဆောင်များနှင့် ဆရာ/ဆရာမများအတွက် အိပ်ဆောင်အဆောက်အဦးများ တည်ဆောက် ပေးနိုင်ရေးစသည့် အချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ၊ လမ်း/တံတားလိုအပ်ချက်များ၊ ရေကောင်းမွန်စွာရရှိရေး၊ လယ်ယာမြေကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုသက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
Visitors: 21,874