ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ IDPs မိသားစုများ မူလနေရပ်သို့ ဒုတိယအကြိမ်ပြန်လည်ပြောင်းရွှေ့နေထိုင်လိုသည့်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား မတ် ၁၁
ကချင်ပြည်နယ်အတွင်းရှိ မူလနေရပ်သို့ ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့နေထိုင်လိုသည့် IDPsမိသားစုများအတွက် ထောက်ပံ့ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာက ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာတွင် မတ် (၁၁)ရက် နံနက်(၁၀)နာရီ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးရုံး၌ကျင်းပသည် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းက နေရပ်နေပြည်သူများအား အားပေးစကားပြော ကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်လှကေသီမာက ထောက်ပံ့ပစ္စည်းများ ပေးအပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူမျာက ဝိုင်းမော်မြို့နယ်ရှိ နန်ဆန်ယန် ကျေးရွာသို့နေရပ်နေပြည်သူများ အိမ်ထောင်စု (၂၉)စု၊ လူဦးရေ (၁၉၁)ဦးတို့အတွက် ပြည်လည်ထူ ထောင်နိုင်ရေး ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ (၁၇)မျိုးပါ Family Kitများ၊ ပြောင်းရွှေ့/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၅၆၀၀၀၀၀)၊ ဆန်၊ ဆီ၊ ဆား၊ ပဲစသည့် စားနပ်ရိက္ခာ(၁)လစာ ငွေကျပ်တန်ဖိုး(၂၁၈၃၅၇၅)၊ နေရပ်နေပြည်သူများ အတွက် MECအမျိုးအစား(၇)ပေ အိမ်မိုးသွပ်(၆၆၅)ချပ်တို့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အိမ်သာခွက်/ပိုက်နှင့် ဆေးစိမ်ခြင်ထောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာပေါ်လင်၊ Hygiene Parcel၊ Community Shelter Tool Kit အသီးသီးတို့ကို ထောက်ပံ့ပေးအပ်ကြရာ မိသားစုဝင်များက လက်ခံရယူကြသည်။
ဆက်လက်၍ ဦးဖော်လားဂမ်ဖန်နှင့် ပြောင်းရွှေ့နေထိုင်မည့် တိုက်ပွဲရှောင်ပြည်သူများကိုယ် စား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘရန်လီတို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။
ထို့နောက် ပြောင်းရွှေ့ပြန်လည်နေရာချထားပေးသည့် အိမ်ထောင်စုများနှင့် လိုအပ်သည့် နေရာများတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် မြေနေရာများအား ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည်ရှုခဲ့ကြသည်။
Visitors: 15,636