မြစ်ကြီးနား−ဆွမ်ပရာဘွမ်−ပူတာအိုလမ်းပေါ်ရှိ ဒရုခတံတားနှင့် တီယာန်ဇွပ်တံတားအား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား မတ် ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနား−ဆွမ်ပရာဘွမ်−ပူတာအိုပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သည့် ဒရုခ တံတားနှင့်တီယာန်ဇွပ်တံတားအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် နှင့်တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါတံတားသစ်ကို ကချင်ပြည်နယ်လွှတ်တော်ဉက္ကဌဦးထွန်းတင်၊ ကချင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးဦးဝင်းညွန့်၊ တံတားဦးစီးဌာနဦးရွှေလေး၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးဇော်ဒွဲ၊ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က တံတား၏ကမ္ပည်းမော်ကွန်းကျောက် စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖိတ်ကြားထားသောဧည့်သည်တော်များက တံတာသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တီယာန်ဇွပ်တံတားသစ်ကို ဆက်လက်ဖွင့်လှစ်ပေးသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကား ပြောကြားရာတွင် “ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မြစ်ကြီးနား−ဆွမ်ပရာဘွမ်− ပူတာအိုလမ်း (ပြည်ထောင် စုလမ်းမ)ပေါ်မှာရှိတဲ့ တီယာန်ဇွပ်တံတားဖွင့်ပွဲမှာ ယခုလိုအမှာစကား ပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ချမှတ်ထားတဲ့လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ကြီးနား− ဆွမ်းပရာဘွမ်− ပူတာအိုလမ်း ဟာဆိုရင် မြစ်ကြီးနားမှ ပူတာအိုအထိ(၂၁၈)မိုင်ရှိပြီး ယခင်ကကားငယ်များ(၂)ရက်ခန့်နှင့် ကားကြီး များမှာ(၇)ရက် ခန့်ကြာအောင်သွားလာခဲ့ရပြီး ယခုအချိန်မှာကားငယ်များ(၁၁)နာရီခန့်နှင့် ကားကြီးများ (၂)ရက်ခန့်နဲ့ ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု မြန်ဆန်ကောင်းမွန်လာတဲ့အတွက် ကုန်ပစ္စည်း သယ်ပို့ခစရိတ်မှာလည်း ယခင်ကပျမ်းမျှ (၁)ပိဿာလျှင် (၈၀၀)ခန့်ပေးရပြီး ယခုအချိန်မှာ
(၁)ပိဿာ (၂၀၀)ခန့်ဖြင့်ရာသီမရွေး ပို့ဆောင်နိုင်ပြီဖြစ်လို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့လာပြီး ကုန်စျေး နှုန်းကျဆင်းလာတာကြောင့် ဌာနေပြည်သူများရဲ့ စားဝတ်နေရေးအထိုက်အလျောက် အဆင် ပြေချောမွေ့ နိုင်တော့မှာဖြစ်ပါကြောင်း၊ အခုလိုမြစ်ကြီးနား−ဆွမ်ပရာဘွမ်−ပူတာအိုလမ်းပိုင်းကို ဆောင် ရွက်လျက်ရှိကြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြသော ကုမ္ပဏီလုပ်ငန်းရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဒေသခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း ပြည်သူ့ဘဏ္ဍာငွေအမြောက်အများ အကုန်အကျခံ တည်ဆောက်ထားသော လမ်း/တံတားများ ရေရှည်တည်တံ့အောင် အားလုံးဝိုင်းဝန်းကူညီထိန်းသိမ်း ဆောင်ရွက်ပေးကြပါလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါတံတားသစ်ကို ကချင်ပြည်နယ်လွှတ်တော်ဉက္ကဌဦးထွန်းတင်၊ ကချင်ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှု ဝန်ကြီးဦးဝင်းညွန့်၊ တံတားဦးစီးဌာနဦးရွှေလေး၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဒွဲ၊ မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိတ်ကြားထား သောဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က တံတား၏ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးကြ သည်။
ယနေ့ဆောက်လုပ်ပြီးစီးသည့် တံတားအမှတ်(၂/၅၄) တီယာန်ဇွပ်တံတားသည် သံကူကွန်ကရစ် ရေလည်တိုင်နှင့် သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ(၃၀၀)ရှိပြီး၊ လူသွား လမ်း(၃)ပေစီပါရှိ၍ ယာဉ်တစ်စီးချင်း၏ ခွင့်ပြုတန်ချိန်မှာ (၆၀)တန်ချိန်အထိရှိကြောင်းနှင့် အဆိုပါ တံတားကို(၁.၉.၂၀၁၇)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း တံတားဦးစီးဌာနမှ သိရှိရသည်။

Visitors: 17,771