မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြစ်ကြီးနား မတ် ၈
ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှဦးဆောင်ပြီး UN ၊ NGO ၊ INGO၊ CSO များပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ပေးပို့လာသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားသည်။
ယင်းနောက် အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင် အလှမယ်များက စွမ်းရည်ပြသခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူ ၆၀၀ ဦး ခန့် တက်ရောက်ခဲ့ကြသည်။
Visitors: 19,919