ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမား ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၇

ကချင်ပြည်နယ် အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဉက္ကဌဦးထွန်းတင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမား ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌနှင့်အဖွဲ့သည် မတ်(၅)ရက် ညနေ (၃)နာရီတွင် မိုးညှင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ၂၀၁၇ခုနှစ်၊ ဇူလိုင်လအတွင်း တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည်ဟုဆိုကာ သိမ်းဆည်းထားခဲ့သည့် ဘက်ဟိုးယာဉ်(၄၀)စီးအား သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပြီး ယာဉ်ပိုင်ရှင်များ ကိုယ်စားဦးကြည်လင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ် (၆)ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့ရှိ အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသော ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး မိုးညှင်းမြို့ ခုတင်(၁၀၀)ဆံ့ ဆေးရုံးသို့သွား ရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆေးကုသနေသောလူနာများကို အားပေးစကားပြောကြားကာ အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မိုးညှင်းမြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသော ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတားတိုးချဲ့ရေးစသည့် မိမိဒေသ တို့၏လိုအပ်ချက် အခက်အခဲများကိုတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ လိုအပ် ချက်များကိုဖြည့်စွက်မှာကြား ပြောကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညှင်းမြို့မှ နန်းမားကျေးရွာသို့ ပြန်လည် ထွက်ခွာရာ နန်းမားကျေးရွာရှိ အေးစေတီဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား
လှူဖွယ်ပစ္စည်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ကြရာ ဒေသခံပြည်သူတစ်ဦးက မူးယစ်ဆေးဝါးအန္တရာယ်သည် မိမိတို့ဒေသတွင် အလွန်ပင်ခြိမ်းခြောက် လျက်ရှိနေသည့်အတွက် မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးရောင်းချလျက်ရှိနေသူကို တားဆီးကာကွယ် အမြန်ဖမ်းဆီးပေးရန်နှင့် အမှိုက်၊ အညစ်အကျေးများ မိမိဒေသအတွင်းစွန့်ပစ်ရမည့်မြေနေရာ အလွန် ဝေးကွာလှသဖြင့် နီးစပ်ရာမြေနေရာများသတ်မှတ်ပေးရန် တင်ပြတောင်းဆိုရာတွင် သက်ဆိုင်ရာ ဝန်ကြီးများနှင့် တာဝန်ရှိအကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များကို ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ဟိုပင်မြို့သို့ဆက်လက်ထွက်ခွာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပင်မြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား လှူဖွယ် ပစ္စည်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြရာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများ၊ ပြည်နယ် အဆင့်သက်ဆိုင် ရာတာဝန်ရှိသူများက ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

Visitors: 19,919