မြို့တော်အင်္ဂါရပ်နှင့်အညီမြို့သန့်ရှင်းသာယာလှပရေးအတွက်ပြည်သူလူထုအားအသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်

မြစ်ကြီးနား မတ် ၂

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာ လှပရေးအတွက် ပြည်သူလူထုအားအသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီတွင် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ မြစ်ကြီးနားမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့်အတူ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မြို့တော်အင်္ဂါရပ်နှင့်အညီမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထုအားအမှိုက်ကောက်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက် ၍ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားအန္တရာယ်များမှကာကွယ်နိုင်ကြောင်း၊ အနံ့ဆိုးများ ထွက်ရှိမှုလျော့နည်းလာနိုင်ကြောင်း၊ စနစ်တကျအမှိုက်စွန့်ပစ်သည့်အတွက် သိမ်းဆည်းရလွယ်ကူ ကြောင်း၊ အမှိုက်သိမ်းလုပ်သားများ၏ ကျန်းမာရေးမထိခိုက်စေဘဲ မြို့တော်သန့်ရှင်းသာယာလှပပြီး အမြင်တင့်တယ်နိုင်ကြောင်း၊ စွန့်ပစ်အမှိုက်များမှစွမ်းအင်ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် လူမှုပတ်ဝန်းကျင် တွင် အကျိုးကျေးဇူးများရရှိစေကြောင်းနှင့် Recycle လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများ ရရှိနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက အမှိုက်ကောက်မည့် အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းစုမြောက်ရပ်ကွက်ရှိ မြစ်ကမ်းနားဘေးမှ စတင်၍ ပြည်သူများနှင့်အတူ တစ်ပျော်တစ်ပါးစုပေါင်း၍ မြို့မရပ်ကွက် ရေစင်ကွင်းစျေးအထိ အမှိုက် ကောက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Visitors: 19,919