အချိန်အခါမဟုတ်မိုးရွာသွန်း၍မိုးသီးများကြွေကျမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ်များအားထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၁

ကချင်ပြည်နယ်အတွင်းအချိန်အခါမဟုတ်မိုးရွာသွန်းပြီးမိုးသီးများကြွေကျမှုကြောင့် ပျက်စီးဆုံး ရှုံးခဲ့သောဘေးသင့်လူနေအိမ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ရန်အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းဦးဆောင်၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ)ဦးဒိတ်၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ဖေဖော်ဝါရီ(၁၇)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ မိုးသီး များကြွေကျမှုကြောင့် မြစ်ကြီးနားမြို့နယ်၊
လွယ်ခေါကျေးရွာနှင့်နန်းကွေ့ကျေးရွာရှိ ပျက်စီးဆုံးရှုံး ခဲ့သော ဘေးသင့်အိမ်ခြေများအားထောက်ပံ့ရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုဝန်ကြီး ဦးနေဝင်းက တွေ့ဆုံအားပေးစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေး မှူးဒေါ်လှကေသီမာက ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လွယ်ခေါကျေးရွာရှိဘေးသင့်အိမ်ခြေ(၄၁၁)အိမ်နှင့် ဘာသာရေး (၇)ကျောင်းအတွက် သွပ်အချပ်ရေ(၈၁၀၅)ချပ်၊
နန်းကွေ့ကျေးရွာရှိအိမ်ခြေ(၂၉)အိမ်နှင့် ဘာသာရေး(၂) ကျောင်းအတွက် သွပ်(၆၅၅)ချပ်၊ MECအမျိုးအစား(၇)ပေသွပ် စုစုပေါင်း(၈၇၆၀)ချပ်၊ တစ်ချပ်လျှင် (၄၅၀၀)ကျပ်ဖြင့် စုစုပေါင်း ငွေကျပ်(၃၉၄၂၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ
ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယမန်နေ့ကလည်း မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့သွားရာက်၍ ဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေးကာ အိမ်ထောင်စု(၃၄၂)စုအတွက် (၁)အိမ်ထောင်လျှင်သွပ် (၂၀)ချပ်နှုန်းဖြင့် သွပ်စုစုပေါင်း(၆၈၄၀)ချပ်ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

Visitors: 11,085