ကချင်ပြည်နယ်အားကစားဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၏ အားကစားကဏ္ဍမြှင့်တင်နိုင်ရေး၊ နိုင်ငံဂုဏ်ဆောင်အားကစားများ ပေါ်ထွက် လာစေရေးအတွက်ဆပ်ကော်မတီအသီးသီး၏လုပ်ငန်းများဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြည်နယ် အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အားကစားဆပ်ကော်မတီဝင်များ၏ တွေ့ဆုံညှိနှိုင်းစည်းဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ကချင်ပြည်နယ်၏ အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက် များ၊ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားပေါ်ထွက်လာစေရေးနှင့် အားကစား ဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ဆပ်ကော်မတီ မရှိသေးသည့် အားကစားနည်းများတွင် ဆပ်ကော်မတီအသစ်များ ဖွဲ့စည်းပေးနိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက တင်ပြဆွေးနွေးချက် များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးက နွေရာသီအားကစားသင်တန်းများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
Visitors: 17,770