တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်များကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ပြုလုပ်သော တိုင်းရင်းသားအခွင့်အရေးများ ဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုများထံမှ အခြေခံအချက်များ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီတွင် ဝိုင်းမော်မြို့နယ်၊ရပ်ကွက်(၃)ရှိ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံးခန်းမ၌ ပြုလုပ်ကြသည်။
တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာပညာပေးဟောပြောပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ “ကချင် ပြည်နယ်အတွင်းရှိ မိမိတို့တိုင်းရင်းသားလူမျိုးများအနေဖြင့် တိုင်းရင်းသားတို့၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေကို သိရှိနားလည်မှသာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်မှုများကို ရရှိမှာဖြစ် ကြောင်း၊ ယခုလို တိုင်းရင်းသားရေးရာအခြေခံအချက်များ ကောက်ယူခြင်းသည် တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည့်အတွက် မိမိ တို့လိုအပ်ချက်နှင့် ကိုက်ညီသော ဦးစားပေးလုပ်ငန်းရပ်များအား ရွေးချယ်ဖြည့်စွက်ပေးကြရန် လိုအပ် ပါကြောင်း ” ပြောကြားသည်။
ထို့နောက် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ အတွင်းရေးမှူး ဦးဇောင်းခေါင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ဝင်းက တိုင်းရင်းသားအခွင့်အရေးများ၏ ကာကွယ်စောင့်သည့် ဥပဒေကို ပညာပေးဟောပြောခြင်းနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပြီး ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော် မတီရုံးအတွက် K12-Bluetooth ဆောင်းဘောက်နှင့် မိုက်(စ်)တစ်စုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် လော်ဝေါ်တိုင်းရင်းသားများထံမှ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးဆိုင်ရာမဟာဗျူဟာရေးဆွဲရန်အတွက်ဦးစားပေးအချက်များနှင့် တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်းသည့် အခြခံအချက်အလက်များကို စစ်တမ်းကောက်ယူခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာအခြေခံအချက်များ ကောက်ယူခြင်းလုပ်ငန်းကို လီဆူ၊ လာချိဒ်မျိုးနွယ်စုများထံ ကောက်ယူပြီးစီးပြီဖြစ်ကြောင်းနှင့် လာမည့်ဧပြီလအတွင်း ဂျိန်းဖောနှင့် ဇိုင်ဝါးမျိုးနွယ်စုများထံ ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 15,637