အသေးစားနှင့်လက်လုပ်လက်စားလုပ်ကွက် ရွှေလုပ်ကွက်များ တရားဝင်လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်များကို ခွင့်ပြုမိန့်ပေး အပ်နိုင်ရေးအတွက် ပြည်နယ်လုပ်ကွက်စိစစ်ချထားရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြစ်ကြီးနားမြို့ ပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၌ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်များလုပ်ကိုင်ခွင့်အတွက် တရားဝင်ခွင့်ပြုမိန့်များကို ပေးအပ်ခဲ့သည်။
အဆိုပါ ရွှေလုပ်ကွက်များ ခွင့်ပြုမိန့်ပေးအပ်ရာတွင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုတိယအကြိမ် အသေးစား နှင့် လက်လုပ်လက်စားလုပ်ကွက်ကို တရားဝင်ခွင့်ပြုပေးခြင်းဖြစ်ပြီး ယနေ့ ခွင့်ပြုမိန့်ရရှိသည့် လုပ်ငန်း ရှင်များအနေဖြင့် ခွင့်ပြုထားသည့်အတိုင်း ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားပြီး ပြည်နယ်ဝန်ကြီးက မြို့နယ်(၆)မြို့နယ်အတွင်းရှိ အသေးစားရွှေလုပ်ကွက်(၅၈)ကွက်နှင့် လက်လုပ်လက် စားလုပ်ကွက် (၂)ကွက်တို့ကို လုပ်ကိုင်ခွင့်ရရှိသည့် လုပ်ငန်းရှင်များထံ ခွင့်ပြုမိန့်များ ပေးအပ်ခဲ့သည်။
ယနေ့ ခွင့်ပြုလိုက်သည့် အသေးစားရွှေလုပ်ကွက် (၅၈)ကွက်နှင့် လက်လုပ်လက်စားလုပ်ကွက် (၂) ကွက်တို့သည် ပြည်နယ်အတွင်း ဝိုင်းမော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ မိုးမောက်၊ ရွှေကူမြို့နယ်များ နှင့် ရှင်ဗွေယန်မြို့တို့တွင်ရှိပြီး ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီ(၁၈)ခုဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ပထမကာလတွင် ၅ နှစ်၊ ဒုတိယကာလတွင် ၅ နှစ် စုစုပေါင်း လုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ်ထိရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 17,771