မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းများလျင်မြန်စွာဆောင်ရွက်ရေး ပြည်နယ်ဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်အတွင်းရှိ မြေယာအရေးကိစ္စများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကောင်းမွန်မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက် (၉)နာရီခွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်ဦးစီး မှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လယ်ယာမြေစာရင်းများ မှန်ကန်တိကျကောင်းမွန်စွာ စာရင်းပြုစုထားရှိရေး၊ လယ်သမား၏ လယ်ယာ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို ရသင့်ရထိုက်သည့် လယ်သမားများလက်ဝယ်သို့ အမြန်ဆုံးရရှိစေရေး၊ လယ်ယာမြေများတိုင်းတာစိစစ်ရာတွင် စိတ်ကောင်းစေတနာကောင်းဖြင့် နိုင်ငံတော်၏အကျိုး၊ လယ်သ မားများ၏အကျိုးကို ရှေ့ရှုဆောင်ရွက်ပေးရေး၊ မြေယာအငြင်းပွားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင် ရွက်ရာတွင် အဂတိကင်းရှင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်ပေးရေးတို့ကို ရှင်းလင်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဦးစီးဌာနမှူး ဦးသိန်းလွင်က ပြည်နယ်အတွင်းလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအင်အားအခြေအနေနှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်အလိုက်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရှိ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၄၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။
Visitors: 11,085