(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ မီနီမာရသွန်ဆုပေးပွဲနှင့် မြန်မာ့ကျောက်စိမ်းရတနာစိုက်ထူပွဲများကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် မီနီမာရသွန်အပြေးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် မြန်မာ့ကျောက်စိမ်းရတနာစိုက်ထူပွဲအခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နံနက် ၇ နာရီတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပသော ပြည်ထောင်စုနေ့အထိမ်း အမှတ် Myanmar Union Day Peace Run မီနီမာရသွန်ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ ဆမားလမ်း နှင့် ဆွမ်ပရာဘွမ်လမ်းထောင့် တြိဂံပန်းခြံနေရာ၌ ကျင်းပသည့် မြန်မာ့ကျောက်စိမ်းရတနာစိုက်ထူပွဲ အခမ်းအနားတွင် သိက္ခာတော်ရဆရာတော်က ဆုတောင်းဆက်ကပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်ထောင်စုနေ့ကို ဂုဏ်ပြုပြီး တန်ဖိုးကြီးသည့် ကျောက်စိမ်းကို လူအများ မြင်သာသည့်နေရာတွင် စိုက်ထူပြသနိုင်သည့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ ပြည်နယ်သည် တန်ဖိုးကြီး ကျောက်စိမ်းထွက်သည့်အတွက် ပြည်နယ်အထိမ်းအမှတ် ကျောက်စိမ်းကို မြစ်ကြီးနားမြို့သို့ လာရောက်သည့် ပြည်ပနိုင်ငံသားများကို ပြသနိုင်တဲ့အတွက် အထူးကောင်းမွန်တဲ့ အစီမံတစ်ခုဖြစ် ကြောင်း၊ ယခုလိုအများပြည်သူမြင်တွေ့လေ့လာနိုင်အောင် လှူဒါန်းပြသပေးသည့် အလှူရှင် ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယွန် မိသားစုအား ပြည်နယ်သူ/ သားများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြော ကြားသည်။
ဆက်လက်၍ မြန်မာ့ကျောက်စိမ်းရတနာအလှူရှင် ဂျိမ်းဖောအကယ်ဒမီကျောက်စိမ်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဘန်လွန်ဒူဝါဘွမ်ယွန်က ကျောက်စိမ်းများ လှူဒါန်းရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်စိမ်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီး မြှင့်ပြီး ကျောက်စိမ်းရတနာကို ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ကျောက်စမ်းအလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျောက်စိမ်းရတနာကို အမွှေးနံသာရည်များ ဖြင့်ပျက်ဖျန်းပေးကြသည်။
အဆိုပါ ကျောက်စိမ်းသည် အမြင့် ၈ ပေ၊ အကျယ် ၄ ပေခွဲရှိပြီး အလေးချိန်အားဖြင့် ၉.၃၇ တန် ရှိကာ အများမြင်သာသည့်နေရာတွင် ဒုတိယအကြိမ်မြောက် လှူဒါန်းပြသပေးခြင်းဖြစ်ပြီး ပထမအကြိမ် အဖြစ် မြစ်ကြီးနားလေဆိပ်တွင် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် စိုက်ထူပြသသည့် ကျောက်စိမ်းထက်ကြီးကြောင်းနှင့် ဆက်လက်၍ အလှူရှင်မိသားစုမှ မြန်မာ့ကျောက်စိမ်းရတနာများကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ် နန့်စီးအောင်နှင့် မြစ်ကြီးနားဘူတာရုံရှေ့တို့တွင် ဆက်လက် စိုက်ထူပြသနိုင်ရေး အလှူရှင်မိသားစုမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Visitors: 18,833