ပြည်နယ်ဝန်ကြီးချုပ် ထပ်မံစိုက်ထူပြသမည့် မြန်မာ့ကျောက်စိမ်းရတနာ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက် တြိဂံလမ်းဆုံနေရာ၌ အလှူရှင် ဘန်လွန်ဒူဝါ ဒေါက်တာဘွမ်ယွန်မှ လှူဒါန်းသည့် မြန်မာ့ကျောက်စိမ်းရတနာ ထပ်မံစိုက်ထူဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 16,809