ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၈
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပဉ္စမနေ့ကိုယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၂ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခေါင်လန်းဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စုအတွင်းရှိ ၇ မိုင်ကျော်ရှိသော ထမိုင်၊ ဗဇူး၊ လော်ဝူးချီလာရွာချင်းဆက်လူသွားလမ်းကို ၂၀၁၉-၂၀၁၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယာဉ်ငယ်များသွားလာနိုင်သည့် ၁၄ ပေအကျယ်လမ်းအဖြစ် ဖော်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာအုပ်စု မြောက်ရွာကျေးရွာတွင် ရွာအားဖြတ်စီးပိုင်းခြားထားသည့် အင်းမချောင်းပေါ်ရှိ ကိုယ်ထူကိုယ်ထ သစ်သားတံတားသည် ကာလကြာလာသည်နှင့်အမျှ ဆွေးမြည့်ပျက်စီးစပြုလာနေပြီဖြစ်သဖြင့် ၎င်းတံတားကို သက်ဆိုင်ရာဌာနမှ ပေ ၄၀ အုတ်ခုံခံ၊ သံဘောင်တံတားတစ်ခုအဖြစ် တည်ဆောက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအတွင်း ဘုရားကျောင်း လမ်း၊ ကတ္တရာလမ်းမကြီးမှ ရွာအဆုံးအထိအရှည် ၁၂၅၀ ပေအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သဲကျောက်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း (၈)ခုကိုမေးမြန်းကြရာသက်ဆိုင်ရာပြည် နယ်ဝန်ကြီးများပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေးစတုတ္ထနေ့တွင် အမည်စာရင်းကြေညာခဲ့သော လွှတ်တော်တိုင်းရင်း သားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ်ဦးHလအောင်၊ အစိုးရ၏အာမခံချက်များ၊ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌအဖြစ် ဦးမြသိန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီအဖွဲ့ဝင်အဖြစ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးထင်ဦး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးအောင်သင်း၊ အတွင်းရေးမှူးအဖြစ် ဦးမဘုဒဂုဏ်နှင့် အဖွဲ့ဝင်အဖြစ် ဗိုလ်မှူး ဝင်းသက်နိုင်မြင့်တို့အား အစားထိုးပြင်ဆင်မှုကို လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို ရပ်နားလိုက်သည်။
Visitors: 18,958