ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း(ခ)ဇော်သင်းက ဗန်းမော်မြို့နယ် ပထမမြစ်ကျဉ်းနှင့် ဒုတိယမြစ်ကျဉ်းကြားရှိ မြေနုကျွန်း များပေါ်တွင် ရွာတည်၍နေထိုင်ကြသူများသည် ပဲပြောင်း၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြသော် လည်း ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ(၇)မရရှိသူများ၊ ခိုင်မြဲသောမြေရင့်ကျွန်းမှ ပုံစံ (၇)ရရှိကြ၍ မမြဲသောကျွန်းမြေမှာ ပုံစံ(၈)လယ်ယာမြေနှင့် စာရင်းအင်းဦးစီးလုပ်ကိုင်သူများကို ပုံစံ (၇)ရရှိမှသာ ချေးငွေထုတ်ပေးသဖြင့် ပုံစံ(၇)မရရှိသူ ပုံစံ(၈)မှတ်တမ်းအတင်ခံရသူ တောင်သူများကိုလည်း ချေးငွေ ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ပုံစံ(၇) ရရှိသူသာ ချေးငွေထုတ်ချေးပေးခြင်း ဖြစ်ပြီးပုံစံ (၈)မှတ်တမ်းတင်ခံရသူများကို လတ်တလောထုတ်ချေးပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ပြည်ထောင်စုအစိုးရထံတင်ပြပြီး ညွှန်ကြားချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည် ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက မိုးကောင်းမြို့နယ်အတွင်းရှိ ကျွန်းပင်သာကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ အောက် ရှမ်းစုကျေးရွာတို့၏ အဓိကကျသောရွာလယ်လမ်းမကြီးတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး က အဆိုပါလမ်းများသည် ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ကျေးလက်လမ်းဦးစီးဌာနတွင် ထည့်သွင်းရေးဆွဲပြီး သင့်လျော်သည့် ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။
ယင်းနောက် တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် မှီတင်းနေထိုင်ကြသည့် လယ်မဲ့ယာမဲ့ ပြည်သူများအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှ စိုက်ပျိုးမြေဖော်ထုတ်ပေးခြင်းမရှိခဲ့သည့် လမုန်၊ ရှိန်လုံဂါး၊ ပနက်၊ လဂျားဘွမ်၊ တဆိတ်၊ ဒိုက်ဖားကျေးရွာများတွင် စိုက်ပျိုးမြေဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှ စိုက်ပျိုးမြေဖော်ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး နိုင်ငံတော်လုပ်ငန်းများစီမံကိန်းတွင် ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး အဆိုပါမေးခွန်းများ မေးမြန်းဖြေကြားခြင်း အပါအဝင် မေးခွန်း (၁၅)ခုကို မေးမြန်းဖြေကြားခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို ပြည်နယ်ဝန် ကြီးချုပ်ကိုယ်စားပြည်နယ်ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးကလွှတ်တော်သို့တင်သွင်းသည်။
အစီအစဉ်အရ အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သော ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အရ/အသုံးများဆိုင်ရာစစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းချုပ်၏ (၁.၁.၂၀၁၈)ရက်မှ (၃၁.၁၂.၂၀၁၈)ရက်အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့ ကဆွေးနွေးကြပြီး လွှတ်တော်ကမှတ်တမ်းတင်သည်။
ထို့နောက် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က “မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အတွင်းရှိဧရိယာ(၂၃)ဧကခန့်ရှိအစိုးရနည်းပညာကောလိပ် ကျောင်းအနီးမြေကွက်လပ်အား ပြည်သူ့ရင်ပြင်အဖြစ် တည်ဆောက်ခွင့်ပေးပါရန် ကချင်ပြည်နယ်အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
Image may contain: one or more people, people sitting and indoor
Visitors: 16,809