ဖားကန့်မြို့၌ ဆောက်လုပ်လှူဒါန်းခဲ့သည့် ဥရုရတနာကျောက်စိမ်းတောင်တံတားကို ကချင်ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့ ဖားကန့်နှင့်မရှီကထောင်ကြား ဥရုချောင်းပေါ် တွင် ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီမှ ၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည့် ဥရုရတနာကျောက်စိမ်းတောင်တံတားကို ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဥရုရတနာကျောက် စိမ်းတောင်တံတားကြီးသည် ဖားကန့်ဒေသရှိ ပြည်သူများ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေ သည့် တံတားတစ်စင်းဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီ မှတံတားကြီး တည်ဆောက်လှူဒါန်းပြီး လွှဲပြောင်းပေးအပ်သည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် အလှူရှင် ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိန်ဝင်းက တံတားဆောက်လုပ်လှူဒါန်းခဲ့မှု အခြေအနေနှင့် လွှဲပြောင်းပေးရခြင်းတို့ကို ရှင်းလင်း တင်ပြပြီး အလှူရှင် ဦးစိန်ဝင်းက တံတားနှင့် ပတ်သက်သော စာရွက်စာတမ်းအချက်အလက်များ ကို ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ လေဆိပ်အဆောက်အအုံရှေ့တွင် စိုက်ထူ ထားသည့် မြန်မာ့ကျောက်စိမ်းရတနာအား အလှဆင်ခြင်းအတွက် ဖားကန့်မြို့နယ်ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ကျပ်သိန်း (၂၀၀) ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ယနေ့ လွှဲပြောင်းပေးအပ်သည့် ဥရုရတနာကျောက်စိမ်းတောင်တံတားသည် ဖားကန့်နှင့် မရှီကထောင်သွား ဥရုချောင်းပေါ်တွင် တန် ၆၀ ခံနိုင်ရည်ရှိ ပေ ၄၀၀ အရှည်၊ နှစ်လမ်းသွား သံဘောင်ဘေလီတံတားတစ်စင်းအဖြစ် ၂၄-၁-၂၀၁၂ ရက်တွင် စတင်ဆောက်လုပ်ပြီး ၃၁-၃-၂၀၁၃ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Visitors: 16,809