ခန့်အပ်တာဝန်ပေးမည့် ကချင်ပြည်နယ်ဝန်ကြီး(၃)ဦးက လွှတ်တော်၌ ကတိသစ္စာပြု

မြစ်ကြီးနား ဇန်နဝါရီ၃၁
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) စတုတ္ထနေ့ ကိုယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၆)ဦးတို့ တက် ရောက်ကြသည်။
အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌကပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၅၃) ဦးအနက် ခွင့်တိုင်ကြားသူ ( ၆ )ဦးရှိသဖြင့် အစည်းအဝေးတက်ရောက်ခွင့်ရှိသူ၏ (၈၆.၇၉%) ရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ယင်းနောက် အစည်းအဝေးတတိယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းထားသည့် လစ်လပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးနေရာများတွင် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်ထားသည့် ဝန်ကြီး(၃)ဦးတို့က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိ သစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်၊
ယနေ့အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး အဖြစ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီတို့က လွှတ်တော်တွင် ကတိသစ္စာပြုခြင်းဖြစ်ပြီးစည်ပင်သာယာရေးဝန်ကြီးဦးနေဝင်းအားလူမှုရေးဝန်ကြီးအဖြစ်နိုင်ငံတော်သမ္မတမှ ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) စတုတ္ထနေ့အား ရုပ်နားလိုက်ပြီး ဒုတိယ အကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)ကို အောင်မြင်စွာ ကျင်းပပြီး စီးသည်။
Visitors: 18,958