ပြည်နယ်ဝန်ကြီးချုပ် ကလေးစာပေပွဲတော်(မြစ်ကြီးနား)ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးအဖွဲ့တို့ ပူးပေါင်း ကျင်းပမည့် ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကိုဇန်နဝါရီ ၂၀ ရက်နှင့် ၂၂ရက်များတွင် မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ ကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျောင်းမုဒ်ဦးများတွင် ပွဲတော်ဆိုင်းဘုတ်များနှင့်အဝင်လမ်းမိန်းလမ်းမတစ်လျှောက် ပွဲတော်တံဆိပ် ပါကြက်လျှာအလံများ စိုက်ထူတပ်ဆင်ပြီးစီးမှု၊ မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ဘွဲ့နှင်း သဘင်ခန်းမအတွင်းခင်းကျင်းပြသထားရှိမှု၊ကလေးစာဖတ်ခန်း၊အရုပ်ဆက်ပြိုင်ပွဲနှင့် ခန်းမအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြပွဲ၊ပြိုင်ပွဲများ၊ စာအုပ်ဆိုင်တန်း၊ စတုဒီသာဆိုင် တန်းများနှင့် အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပမည့်နေရာများတွင် ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီအသီးသီးမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကလေးစာပေပွဲတော်(မြစ်ကြီးနား)သည် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခုပွဲတော်၌ ၂၀၁၈ ခုနှစ်ကထုတ်ဝေခဲ့သော စာအုပ်စာစောင် ၄၀၀၀ ကျော်နှင့် အမျိုးသားမော်ကွန်းပြတိုက်မှ ရန္တပိုလ်စာချုပ်၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံစာချုပ်နှင့် ထူးခြားထင်ရှားသည့် ကျောက်စာများကိုလည်း ပြသသွားမည်ဖြစ်ပြီး ကဗျာရွတ်ဆိုနှင့် ကျပန်း စကားပြောပြိုင်ပွဲများတွင် တိုင်းရင်းသားသာသာစကားဖြင့် ယှဉ်ပြိုင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 18,958