ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၁)နှစ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနားကို မြစ်ကြီးနား မြို့၌ စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သဖြင့် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဘင်ခရာအဖွဲ့နှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေး အပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။
ဂုဏ်ပြုချီးမြှင့်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်နေ့အခမ်း အနားကို အောင်မြင်အောင် လက်တွဲပူးပေါင်းကူညီဆောင်ရွက်ခဲ့သည့်အတွက် ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဂျိမ်းဖော့၊ ရဝမ်၊ လီဆူ၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်းဝါးစာပေနှင့်ယဉ် ကျေးမှုအဖွဲ့များ၊ရှမ်းတိုင်းရင္းသားများဖြစ်ကြသည့် တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဗမာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် (၁)သိန်းစီ၊ စီတာပူကချင်ရိုးရာအတီးအမှုတ်ဘင်ခရာအဖွဲ့အတွက် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကင်ရောတန်ဂွမ်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁)သိန်းကို ထောက်ပံ့ပေးအပ်ရာ ရိုးရာယဉ်
Visitors: 10,185