ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ပြီး ထူးချွန်ကျောင်သား/သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၁၅
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်း သား/သူများအား ပညာရည်ချွန်ဆုပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင် တက်ရောက်အားပေးသည်။
ရှေးဦးစွာပညာရေးစုံညီပွဲတော်မုဒ်ဦးကို ပြည်နယ်အတွင်းရှိ လူရည်ချွန်မောင်မယ်လေးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ၏ ဖျော်ဖြေရေးအကနှင့် ကာယလေ့ကျင့်ခန်း သရုပ်ပြသနေမှု၊ စာသင်ခန်းများအတွင်း ကျောင်းသား/သူများ၏ ပညာရေးဆိုင်ရာစွမ်းရည်ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် စုံညီပွဲတော်အခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကားပြောကြားကာ ပြည်နယ်ပညာရေးမှူးဒေါ်ခင်သန်းနွဲ့ ကပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ထက်၊လယ်၊မူအဆင့် သန့်ရှင်းသာယာလှပဆုရကျောင်းများ၊ဗဟိုအဆင့်သင်္ချာစွမ်း ရည်ပြိုင်ပွဲ၊နိုင်ငံတကာလူငယ်ပေးစာပြိုင်ပွဲ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အထိမ်း အမှတ်နေ့စာစီစာကုံးပြိုင်ပွဲများနှင့် National ICT Awards ပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး များနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Visitors: 16,808