(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၄
(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သော အားကစားပြိုင်ပွဲများ၊ စစ်တုရင်ပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက်ရှိ ကိုယ်ကာယလေ့ကျင့်ရေးပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများက (၇၁)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သည့် စစ်တုရင်အလွတ်တန်းနှင့် လူသစ် တန်းပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထက်၊ လယ်၊ မူဆင့် စာစီစာကုံးပြိုင်ပွဲများနှင့် ထုတ်စည်း ထိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရသူများနှင့် အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုငွေများ၊ ပြိုင်ပွဲဒိုင်လူကြီးများအား ဂုဏ်ပြုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်သူ့အားကစားကွင်း၌ လည်းကောင်း၊ ကိုယ်ကာ ယလေ့ကျင့်ရေးပြည်သူ့အားကစားကွင်း၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြသည်။
Image may contain: 3 people, people standing
Visitors: 21,874