(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၃
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် စာစီစာကုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စစ်တုရင်ထိုးပြိုင်ပွဲများကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပလျက်ရှိသည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှု၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုနှင့် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၌မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲများကျင်းပနေမှုတို့တွင် ကျောင်းသား/သူ လေးများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက်မင်းရပ်ရပ်ကွက်ရှိကိုယ်ကာယလေ့ကျင့်ရေးပြည်သူ့အားကစားကွင်း၌ ပိုက်ကျော် ခြင်းပြိုင်ပွဲကျင်းပနေမှုနှင့် အလွတ်တန်းနှင့် လူသစ်တန်း စစ်တုရင်ပြိုင်ပွဲများ ကျင်းပနေမှုတို့ကို ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲဝင်ကစားသမားများကို အားပေးခဲ့ကြသည်။
အဆိုပါလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ပြိုင်ပွဲများအလိုက် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နေ့တွင်လည်း ပျော်ပွဲရွှင်ပွဲများအဖြစ် ထုတ်စည်း ထိုးပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ဝိုင်းခြင်းအလှခတ်၊ မူလတန်းအဆင့်အပြေးပြိုင်ပွဲ၊ အာ လူးကောက်ကစားပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲနှင့် သံပုံးရိုက်ပြိုင်ပွဲများကို ထည့် သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲများအလိုက် ငွေသားဆုနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Visitors: 16,808