ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရီ ၁၁
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ လွှတ်တော်မှ ပြဌာန်းအတည်ပြုထားသည့် ဥပဒေများကို ပြည်သူများအကြား ပိုမိုသိရှိနားလည် စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်းကောင်း ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင် ရေးအတွက် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး Banquet ခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိမြို့နယ်အတွင်း ဆောင်ရွက်ရမည့် တာဝန်များကို သိရှိထားပြီးဖြစ်ရာ ပြည်သူ့အကျိုး အတွက် ဖြေရှင်းဆောင်ရွက်ရာတွင်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းလက်တွဲ ပြီး အားလုံးကတာဝန်ကျေပွန်စွာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အလုပ်အကြွေးမထားဘဲ သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် ဆောင်ရွက်သွားဖို့ရန် လိုအပ်ကြောင်း၊ သို့မှသာ မြို့နယ်အလိုက် ပြည်သူများ၏ အကျိုးစီးပွားအတွက် စီမံကိန်းလုပ်ငန်းများကို ရှေ့ဆက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားသော ရေးရာကော်မတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသအလိုက် မြေယာဆိုင်ရာကိစ္စ ရပ်များ၊ စီမံကိန်းပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ညှိနှိုင်းတိုင်ပင်ရန် ကိစ္စရပ်များ၊ ပြည်နယ် လွှတ်တော်မ ှပြဌာန်းအတည်ပြုထားသည့် ဥပဒေများ ပြည်သူများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ဖြည့်စွက်မှာကြားခဲ့ကြသည်။
Visitors: 10,185