မြစ်ကြီးနားမီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၇၀၀၀)ကျော်ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသူများ ဆုများချီးမြှင့်ပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၁၂
(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် မြစ်ကြီးနားမီနီမာရ သွန်ပြိုင်ပွဲကို ယနေ့ နံနက် (၆)နာရီတွင် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်နေ့အခမ်းအနား မုဒ်ဦး၌ စတင်တာလွှတ်ရာ အသက်(၁၆)နှစ်အထက်နှင့်အောက်၊ (၁၃)နှစ်အောက်နှင့် (၁၁)နှစ်အောက် ကျား၊ မပြိုင်ပွဲများအလိုက် ပြိုင်ပွဲဝင် (၇၀၀၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းများ အတိုင်း ယှဉ်ပြိုင်ကြကာ မနောကွင်းအတွင်း ပန်းဝင်ကြသည်။
ထို့နောက် နံနက် ၉ နာရီတွင် မနောကွင်းအတွင်း၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပ ရေးကော်မတီဥက္ကဋ္ဌဦးဘရန်မွမ်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲများတွင် တံခွန်စိုက်ဒုတိယဆု ရရှိခဲ့သော ပြည်နယ်အေရိုးဗစ်အသင်းက လေ့ကျင့် ကစားပြသခဲ့ကြသည်။
ယင်းနောက် မီနီမာရသွန်ပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန် ရှိသူများက ဆုတံဆိပ်နှင့် ဆုငွေများကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၇၁)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်း အမှတ် ကချင်ရိုးရာသိုင်းပြိုင်ပွဲ၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ကြက်တောင်ရိုက်ပြိုင်ပွဲ များအပြင် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၆ နာရီမှ စတင်ပြီး ညနေပိုင်းအထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ညပိုင်းတွင်လည်း မနောမယ်ပြိုင်ပွဲနှင့် ကာယဗလမောင်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများကို ရွေးချယ်၍ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ထံမှသိရှိရသည်။
Visitors: 14,444