ပြည်နယ်ဝန်ကြီးချုပ် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များထံ နှစ်သစ်ကူးအကြို ဂုဏ်ပြုနှုတ်ခွန်းဆက္စကားများပြောကြား

မြစ်ကြီးနား ဒီဇင်ဘာ ၃၀
ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ခေမာသီရိရပ်ကွက်၌ ကျင်းပပြုလုပ်လျက်ရှိသည့် မြစ်ကြီးနားနယ်လီဆူနှစ်ခြင်းတော်အသင်းများအဖွဲ့စုပေါင်း ခရစ်စမတ်ပွဲတော်နှင့် နှစ် (၅၀)ပြည့် ရွှေရတုဂျူဗလီပွဲတော်၌ လည်းကောင်း၊ ညနေပိုင်းတွင် အောင်နန်းရိပ်သာရပ်ကွက် စိန်ကိုလန်ဘန်ကာသီဒြယ်ဘုရားကျောင်း၌ ကတ်သလစ်သာသနာ မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်အမှူးပြု၍ ကျင်းပပြုလုပ်သော ခရစ်စမတ်နှင့် နှစ်သစ်အကြိုဂုဏ်ပြုမိတ်ဆုံ စားပွဲများသို့ တက်ရောက်ခဲ့ပြီး နှစ်သစ်ကူးဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
Visitors: 15,637